ကောင်းကင်သစ်နှင့် မြေကြီးသစ်
သမ္မာကျမ်းစာအခြေပြုချက် – စကြာ၀ဠာအသစ်တစ်ဖန်ပြန်၍ဖြစ်ခြင်း၏ ကတိတော်
ပရောဖက်ဟေရှာယနှင့် ဗျာဒိတ်ကျမ်းတို့တွင် ဖော်ပြထားသည့်အတိုင်း၊ ကောင်းကင်
သစ်နှင့် မြေကြီးသစ်၏ ကတိတော်သည် သမ္မာကျမ်းစာ၏ အနာဂတ်မျှော်လင့်ချက်အတွက် အထွတ်အထိပ်ဖြစ်သည်။ ဟေရှာယ ၆၅:၁၇ တွင် ” ကြည့်ရှုလော့။ မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုဃ်းကောင်းကင် နှင့်မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။” ဤနောက်ဆုံးသောကာလအကြောင်းဆိုင်ရာကတိကို ဗျာဒိတ် ၂၁:၁ ကပြန်လည်အတည်ပြုထားသည်မှာ၊ “ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွှေသွားကြပြီ။ ထိုအခါမှစ၍ သမုဒ္ဒရာ မရှိ။”
ဤပြောင်းလဲမှုသည် စိတ်ကူးယဉ်သို့မဟုတ် ဝိညာဉ်ရေးရာ သက်သက်သက်သာမဟုတ်ဘဲ၊ လက်တွေ့ကျသော၊ အနာဂတ္တိအရ ပြန်လည်ဖန်တီးထားသည့် အမှန်တရားကို ညွှန်းဆိုသည့် အပြစ်၊ သေခြင်းနှင့် ယိုယွင်းပျက်စီးခြင်းတို့ အကြွင်းမဲ့ အပြီးတိုင် ချုပ်ငြိမ်းသွားမည့် နိုင်ငံတော်သစ်ကို ရည်ညွှန်းပါသည်။ ရူပါရုံတွင် ယေရုရှလင်မြို့သစ်၊ တိုင်းနိုင်ငံများ၏ကျန်းမာခြင်းနှင့်၊ သူရွေးချယ် ထားသောလူများနှင့်အတူ ဘုရားသခင်ကျိန်း၀ပ်ခြင်း၏ပြည့်၀သော အတူပါရှိခြင်းများ ပါ၀င်သည်။
ဤသည်မှာ ကမ္ဘာဦးမှ ဗျာဒိတ်အထိ ဘုရားသခင်၏ရည်ရွယ်ချက်၏ ပြည့်အဝပြည့်စုံခြင်း- အသစ်ပြန်လည်ဖန်ဆင်းခြင်း၊ လူသားပြန်လည်အသစ်ဖြစ်ခြင်း၊ နှင့် ဖန်ဆင်းခြင်း အားလုံး၏ အရာခပ်သိမ်း၌ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားသည်။
ထိုနေရာတွင် နိစ္စထာဝရဘဝတွင် အချိန်ရှိဦးမည်လော?။
ဤရူပါရုံမှ ပေါ်ထွက်လာသည့် အနှစ်သာရပြည့်ဝသော ဘုရားသခင်အကြောင်းလေ့လာခြင်းဆိုင်ရာ မေးခွန်းတစ်ရပ်မှာ ထာဝရအခြေအနေ၌ ‘အချိန်’ ၏ လက္ခဏာသဘာဝနှင့် ပတ်သက်၍ပင်ဖြစ် သည်။ ဗျာဒိတ် ၁၀:၆ (KJV) တွင် “အချိန်ကာလမရှိရတော့ပြီ” ဟုဆိုသော်လည်း၊ အများစုသော ဘာသာပြန်များက ဤစကားရပ်ကို “နောက်ထပ်အချိန်ဆွဲခြင်းမရှိတော့” (ရွေးနှုတ်ခြင်းသမိုင်း၏ အဆုံးသတ်) ဟု ပိုမိုတိကျစွာ ဖော်ပြကြသည်။ ဆိုလိုသည်မှာ ရွေးနုတ်ခြင်း၏ အဆုံးသတ် သမိုင်း ထက် ယာယီတည်ရှိခြင်း၏ ရပ်နားခြင်းကို ရည်ညွန်းသည်။
သမ္မာကျမ်းစာတွင် ဖော်ပြထားသော ဖန်ဆင်းခြင်းအသစ်၏ ပုံရိပ်များသည် လူပုဂ္ဂိုလ်ရေး အထောက် အထား၊ မှတ်ဉာဏ်နှင့် ဆက်ဆံရေးဆိုင်ရာကိုးကွယ်မှုများ (ဗျာဒိတ် ၇:၉-၁၂၊ ဟေရှာယ ၆၆:၂၂-၂၃) တို့၏ ဆက်လက်တည်ရှိမှုကို ညွှန်းဆိုပြီး အချိန်၏အခြေခံသဘောတရား အနည်းငယ်မျှ ရှိနေဦးမည် ဟု ယူဆရသည်။ ဩဂတ်စတင်း နှင့် ဘိုအက် သီးယပ်စ်အပါအဝင် ရှေးခေတ်ဘာသာရေးအတွေး အခေါ်ပညာရှင်များက ထာဝရတည်ခြင်းကို ထာ၀ရကာလကို ရည်ညွန်းခြင်းမဟုတ်ဘဲ “အဆုံးမရှိ သော လက်ရှိအချိန်” အဖြစ် ဖော်ပြခဲ့ကြသည်။ အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂတ်တို ဘုရားသခင်၏ လက်ရှိအချိန်တွင် တစ်ပြိုင် နက်တည်းတည်ရှိ သော ဘ၀ပင်ဖြစ်သည်။ ရွေးနှုတ်ခြင်းခံရသူများ ကြုံတွေ့ရမည့် နိုင်ငံတော်သစ်ရှိ အချိန် အတွေ့ အကြုံသည် ဤထာဝရဂုဏ်သတ္တိကို ရောင်ပြန်ဟပ် နိုင်ဖွယ်ရှိသည် – စနစ်တကျ ဖွဲ့စည်းထား သော်လည်း အပူနှင့်စွမ်းအင်ယိုယွင်းမှု (entropy)၊ ယိုယွင်းပျက်စီးမှု၊ သို့မဟုတ် ကန့်သတ်ချက် များဖြင့် ချုပ်နှောင်ခြင်း မရှိတော့ပါ။
အပူနှင့်စွမ်းအင်ဆိုင်ရာ ပြည့်စုံခြင်းနှင့် ပျက်စီးယိုယွင်းမှု၏အဆုံး
လက်ရှိစကြာဝဠာတွင်၊ အပူနှင့်စွမ်းအင်ပညာ၏ ဒုတိယနိယာမ (second law of thermodynamics) သည် စွမ်းအင်ယိုယွင်းမှု (entropy) နိယာမကို အုပ်ချုပ်ထားပါသည်။ ဤနိယာမအရ ရုပ်ပိုင်းဆိုင်ရာစနစ်များသည် ဖရိုဖရဲဖြစ်မှု (disorder) နှင့် ယိုယွင်းပျက်စီးမှု (decay) ဘက်သို ဦးတည်နေပါသည်။ ဤနိယာမသည် မူလအပြစ်ဝင်ရောက်မှု (the Fall) မှတစ်ဆင့် နောက် ဆက်တွဲ ဆိုးကျိုးများ—သေခြင်း၊ ပျက်စီးယိုယွင်းမှုနှင့် အချည်းနှီးဖြစ်ခြင်း (ရောမ ၈:၂၀–၂၂) တို့ကို ရောင်ပြန်ဟပ်နေပါသည်။ သို့သော်၊ အနာဂတ်တွင်ဖြစ်မည့် ဖန်ဆင်းခြင်းအသစ်၏ ပြန်လည် ထူထောင်မှု (eschatological restoration) တွင်၊ ဖန်ဆင်းခြင်းသည် ဤကျေးကျွန်ဘဝ (bondage) မှ နောက်ထပ် ချုပ်နှောင်ခြင်းခံရမည် မဟုတ်တော့ပါ။ ရုပ်ပိုင်းဆိုင်ရာ နိယာမသစ်တစ်ရပ် ပေါ်ထွန်း လာနိုင်သည် – ထိုအရာကို “အပူနှင့်စွမ်းအင်ပညာ၏ စံပြုပြည့်စုံခြင်း” (thermodynamic perfection) ဟု ခေါ်ဆိုနိုင်ပါသည်။ ဤအခြေအနေတွင်၊ ဖရိုဖရဲဖြစ်မှု (disorder) သည် အကြွင်းမဲ့ ပပျောက်သွားမည်ဖြစ်ပြီး၊ စနစ်အားလုံးသည် ဟန်ချက်ညီစွာနှင့် တည်တံ့စွာ အလုပ်လုပ်ဆောင်ကြ မည်။ ဤအရာသည် ဖန်ဆင်းရှင်၏ ထိန်းသိမ်းစောင့်ရှောက်တော်မူသော တန်ခိုးတော် (ဟေဗြဲ ၁:၃) ဖြင့် အစဉ်အမြဲ ပံ့ပိုးခြင်းခံရမည်ဖြစ်သည်။ သဘာဝနိယာမသည် စွမ်းအင်ယိုယွင်းမှု (entropy) ဖြင့် မဟုတ်တော့ဘဲ၊ ဘုရားသခင်၏ ပြည့်စုံသော ဟန်ချက်ညီမှု (divine equilibrium) ဖြင့် အမှတ် အသားပြုခြင်းခံရမည်။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် လူသားမျိုးနွယ်တို့ကြားတွင် တည်ရှိသော ထာဝရ သဟဇာတဖြစ်မှု၏ အရိပ်အယောင်ပင် ဖြစ်သည်။
ဝိညာဉ်ရေးရူပဗေဒနှင့် ထမြောက်ခြင်းကိုယ်ခန္ဓာ
၁ ကောရိန္သု ၁၅:၄၂–၄၄ တွင် ရှင်ပေါလုက ထမြောက်ခြင်းကိုယ်ခန္ဓာအား ဤသို့ဖော်ပြသည်
“… ကိုယ်သည်စိုက်သောအခါ၊ ပုပ်တတ်သောသဘေရှိ၏။ ထမြောက်သောအခါ မပုပ် နိုင်သော အဖြစ်၌ တည်၏။ …စိုက်သောအခါ ဇာတိပကတိ ကိုယ်ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏ ကိုယ်ဖြစ်၏။…။” “ဝိညာဉ်နှင့်ဆိုင်သောကိုယ်” ဆိုသည်မှာ ရုပ်ဝတ္ထုမဟုတ်သော ခန္ဓာမဟုတ်၊ ကျဆင်းသောဖန်ဆင်းခြင်း၏ ဇီ၀ဖြစ်စဉ်များအားဖြင့်ထက်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးဖြင့် အသက်ရှင်သော ခန္ဓာဖြစ်သည်။ ဤပြောင်းလဲမှုသည် ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများကို ကြီးမားစွာပြာင်းလဲစေနိုင်သည်။ အချို့ဘာသာဘုရားသခင်အကြောင်းလေ့လာရေးပညာရှင်များနှင့် ခရစ်ယာန်ရူပဗေဒပညာရှင်များက ဤကိုယ်ခန္ဓာသစ်သည် ပိုမိုမြင့်မားသောအာကာသ ဒိုင်မင်းရှင်း များတွင် လှုပ်ရှားနိုင်သည်ဟု၎င်း၊ ဝိညာဉ်နှင့်ရုပ်ဝတ္ထု အပြည့်အဝပေါင်းစပ်ထားသော အခြေခံ အုတ်မြစ်သစ်တစ်ခုပေါ်တွင် တည်ရှိသည်ဟု၎င်း၊ ယူဆကြသည်။ ဤသည်မှာခရစ်တော်၏ထမြောက် ပြီးနောက် ကိုယ်ထင်ပြခြင်း (လုကာ ၂၄:၃၉) နှင့် အာကာသကိုဖြတ်ကျော်ဝင်ရောက်နိုင်မှု (ယောဟန် ၂၀:၂၆) တို့နှင့် ကိုက်ညီသည်။ ရှင်ပြန်ထမြောက်သော ကိုယ်ခန္ဓာသည် ဧဒင်အရပ်ကိုပြန် လှည့်ခြင်းမဟုတ်ပါ၊ သို့သော်၊ ဘုန်းကြီးသောအသက်တာထဲသို့ တိုးတက်ခြင်း၊ လက်ရှိအသိညာဏ် ဖြင့်၊ နားမလည်နိုင်သော ပျက်စီးခြင်းမရှိသော အခြေအနေဖြစ်သည်။
အကျဉ်းချုပ်- ထာဝရသဟဇာတဖြစ်မှုထဲမှ အနာဂတ်ဖန်ဆင်းခြင်း
ကောင်းကင်သစ်နှင့်မြေကြီးသစ်၏ကတိတော်သည် ကိုယ်ကျင့်တရားဆိုင်ရာ စင်ကြယ်မှု သို့မဟုတ် ဝိညာဉ်ရေးဆိုင်ရာ လန်းဆန်းမှုထက် များစွာကျော်လွန်သည်။ ၎င်းသည် စကြာဝဠာအဆင့်၊ ပုဂ္ဂိုလ်ရေးအဆင့်နှင့် ရုပ်ပိုင်းဆိုင်ရာအဆင့်ဖြင့် နက်ရှိုင်းသောအသွင်ပြောင်းမှုကို မြင်တွေ့စေသည်။ အချိန်သည် အသစ်တဖန် ပြောင်းလဲခံရမည်—ဖြည်းဖြည်းချင်း ယိုယွင်းပျက်စီးသော ရှည်လျားသည့် အစီအစဉ်အဖြစ် မဟုတ်တော့ဘဲ၊ ပြည့်စုံသော ရည်ရွယ်ချက်ဖြင့် ပြည့်နှက်နေမည်။ ရူပဗေဒနိယာမ များသည်လည်း ရွေးနုတ်ခြင်းခံရမည်။ ပျက်စီးမှု (entropy) ၏ ဩဇာလွှမ်းမိုးခြင်းမှ လွတ်မြောက် ကာ ဘုရားသခင်၏ ပြီးပြည့်စုံသော ညီညွတ်မှုအတွင်း လည်ပတ်လိမ့်မည်။ လူသားမျိုးနွယ်သည် ဘုန်းတန်ခိုးဖြင့် ပြောင်းလဲထားသော ခန္ဓာကိုယ်များဖြင့် ထမြောက်ခြင်းသို့ ရောက်မည်။ ဘုရား သခင်၏ ကိုယ်တော်တိုင် ရှေ့မှောက်တွင် ထာဝရနေထိုင်ရန် အပြည့်အစုံ အသင့်ပြင်ဆင်ထားသော အခြေအနေသို့ ရောက်ရှိလိမ့်မည်။
ဤနောက်ဆုံးသောကာလမြော်လင့်ခြင်းတွင် ဖန်ဆင်းရှင်သည် သူ၏ဖန်ဆင်းခြင်းကို စွန့်ပစ် ထားခြင်းမရှိကြောင်း အတည်ပြုသည်။ ထို့ပြင်၊ သူသည် မိမိ၏ပဋိညာဉ်ပြုထားသော ကတိ တော်များကို ပြည့်စုံစေလျက် အရာခပ်သိမ်းကို ခရစ်တော်၌ တစ်စည်းတစ်လုံးတည်း ဖြစ်စေရန် (ဧဖက်ဩ ၁:၁၀) ဖန်ဆင်းခြင်းအလုံးစုံကို အသစ်ပြုပြင်ရန် ရည်ရွယ်ထားသည်။ ဤအသစ်သော ဖန်ဆင်းခြင်းသည် လောကကြီး၏အဆုံးသတ်ခြင်းမဟုတ်၊ ဘုရားသခင်၏ဘုန်းတော်ဖြင့် ပြန်လည် ထူထောင်၍ စုံလင်စွာပြည့်စုံပြီး ထာဝရတည်တံ့မည့် လောကကြီး၏အနှစ်သာရပြည့်ဝခြင်းပင် ဖြစ်သည်။

One thought on “အခန်း (၁၅) – အနာဂတ်ဖန်ဆင်းခြင်းနှင့် နောက်ဆုံးသောကာလအကြောင်း လေ့လာခြင်း ”