AI၊ လူသားစွမ်းရည်မြင့်တင်ခြင်း၊ နှင့် ကျွန်ုပ်တို့သိသကဲ့သို့ လူသားများ၏အဆုံးသတ်
(ဖန်ဆင်းခြင်း မှ တိုင်းနိုင်များသို့- (အခန်း ၁၆)
“ယခုမျက်မှောက်ပုပ်တတ်သော အရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သော အရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။
(၁ ကောရိန္တု ၁၅:၅၃ )။
မိတ်ဆက် – လူသားမျိုးနွယ်၏ လမ်းဆုံလမ်းခွဲ
ဖန်ဆင်းခြင်းမှ တိုင်းနိုင်ငံများအထိ ဖြစ်စဉ်တစ်လျှောက်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ စကြဝဠာ အတွက် အကြံအစည်၊ ကောင်းကင်တမန်များနှင့် လူသားများ၏ ပုန်ကန်မှု၊ လူ့ယဉ်ကျေးမှု ပေါ်ထွန်း လာပုံနှင့် ခရစ်တော်အားဖြင့် ရွေးနှုတ်ခြင်းကတိတော်တို့ကို ခြေရာခံလာခဲ့ကြပါသည်။ ယခုအချိန်၊ အထူးသဖြင့် မကြုံစဖူးသောသိပ္ပံနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများဖြင့် သွင်ပြင်လက္ခဏာ ရပ်ထားသော ဤခေတ်တွင်—လူသားမျိုးနွယ်သည် အသစ်သော အစွမ်းအစနှင့် အန္တရာယ်ရှိသည့် စိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရပါသည်။
ဤသည်မှာ ဆင့်ကဲဖြစ်စဉ်၏နောက်တစ်ဆင့်လော၊ သို့တည်းမဟုတ် ခေတ်သစ် ဗာဗုလုန်မျှော်စင် လော? ထာဝရအသက်သည် ကျွန်ုပ်တို့ တီထွင်နိုင်သောအရာလော၊ သို့မဟုတ် လက်ခံရရှိရမည့် အရာလော?
၁။ နည်းပညာဆိုင်ရာ စိတ်ကူးယဉ်အိပ်မက် – ခေတ်သစ်ကယ်တင်ခြင်းဇာတ်လမ်း
Transhumanism (လူသားအထက် ကျော်လွန်ရေးဝါဒ) ဖြစ်သော လူသားမျိုးနွယ်သည် ဇီဝကမ္မ အကန့်အသတ်များကို နည်းပညာဖြင့် ကျော်လွန်နိုင်မည်ဟူသော အနာဂတ်မြင်ကွင်းကို မြင်သည်။ AI (ဒစ်ဂျစ်တယ်အသိစိတ်) အားဖြင့် စက်နှင့်လူပေါင်းစပ်ခြင်း၊ ဗီဇပြုပြင်ခြင်း၊ တို့ဖြင့် သေခြင်းမရှိ၊ ဘုရားမလိုသော “ကယ်တင်ခြင်း” ကို ကတိပြုသည်။ ဤရူပါရုံသည် တီထွင်ဆန်းသစ်မှုထက် ပိုသည် ၎င်းသည် လူသားအနာဂတ်ကို အသစ်တဖန် ပုံဖော်ခြင်းပင်။ Transhumanist အတွေးအခေါ်ရှင် များသည် နောက်ဆုံးသောကာလဆိုင်ရာ အဆုံးသတ်နိမိတ်ပုံပြင်များနှင့်တူသော စကားလုံးများဖြင့် ပြောဆိုလေ့ရှိသည် – “ဘုရားမလိုဘဲ၊ သေခြင်းမရှိဘဲ၊ အကန့်အသတ်မရှိဘဲ” ကယ်တင်ခြင်း တစ်မျိုး ကို ကတိပေးလေ့ရှိသည်။ သို့သော်၊ ထိုကမ္ဘာ့မြင်ကွင်းသည် သမ္မာကျမ်းစာ၏ အဓိက အချက်များ ဖြစ်သော ကျေးဇူးတော် (Grace)၊ ဘုရားသခင်အပေါ် မှီခိုခြင်း (Dependence)၊ ထမြောက်ခြင်း နှင့် အသစ်ပြုပြင်ခြင်း (Resurrection & Redemption) တို့နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေပါသည်။
၂။ ဘာသာရေးစိန်ခေါ်မှု – ထာဝရအသက်ကို လူသားမဖန်တီးနိုင်
သမ္မာကျမ်းစာက ရှင်းလင်းစွာဆိုသည် -ထာဝရအသက်သည် လူသားတို့ အားထုတ်မှု၏ ရလာဒ် မဟုတ်၊ ဘုရားပေးသောလက်ဆောင်ဖြစ်သည်။ ” …ယခုမျက်မှောက် သေတတ်သော အရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။” (၁ ကောရိန္သု ၁၅:၅၄)၊ ၎င်းသည် နည်းပညာ တီထွင် ဆန်းသစ်မှု မဟုတ်ဘဲ၊ ခရစ်တော်အားဖြင့် ရှင်ပြန်ထမြောက်ခြင်းကို ညွန်ပြခြင်းဖြစ်သည်။
ဗျာဒိတ်ကျမ်း အခန်း ၁၃ တွင် ဖော်ပြထားသော မြင်ကွင်း – အနိုင်မရနိုင်ဟုထင်ရသည့် အာဏာစက် တစ်ခုအား လုံးလုံးလျားလျား နာခံရန် တောင်းဆိုသော ကမ္ဘာလုံးဆိုင်ရာ စနစ်သည် နောက်ဆုံးသော ကာလဆိုင်ရာ ကြိုတင်သတိပေးချက်များကို ထုတ်ဖော်နေပါသည်။ AI မောင်းနှင်သော အုပ်ချုပ်ရေး၊ နိုင်ငံအနှံ့ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အနာဂတ်ကို ကြိုတင်ခန့်မှန်းချုပ်ကိုင်မှုစနစ်များသည် ဤသမ္မာကျမ်းစာပါ ရူပါရုံ၏ ခေတ်သစ်အရိပ်လက္ခဏာများ ဖြစ်နိုင်သလော?
ထဗာဗုလုန်မျှော်စင် (ကမ္ဘာဦး ၁၁) ကဲ့သို့ပင်၊ ဘုရားမပါဘဲ ဘုရားကဲ့သို့ဖြစ်လိုသော ရှေးဟောင်း အိပ်မက်ကို လူသားသည်ထပ်မံအိပ်မက်နေသည်။ သို့သော်၊ ထိုဇာတ်လမ်း၏အဆုံးမှာ အောင်မြင်ခြင်းမဟုတ်၊ ဘုရား၏တရားစီရင်ခြင်းနှင့် ကွဲပြားမှု ဖြစ်သည်။ ဘုရားသခင်ကဲ့သို့ စက်ယန္တရားအားဖြင့် တန်ခိုး၏ ခေတ်ပေါ်ဆန္ဒအတွက် သတိထားစရာပုံပြင်တစ်ခု ဖြစ်သည်။
၃။ ကိုယ်ကျင့်တရားနှင့် လူသားသဘာဝဆိုင်ရာ စိုးရိမ်မှုများ – ဘုရား၏ပုံသဏ္ဍာန် (Imago Dei) ဆုံးရှုံးခြင်း
ဤဆွေးနွေးမှု၏ အဓိကမေးခွန်းမှာ – လူသားဖြစ်ခြင်း၏ အဓိပ္ပာယ်သည် အဘယ်နည်း?။
သမ္မာကျမ်းစာအရ၊ လူသားသည် ဘုရား၏ပုံသဏ္ဍာန် (Imago Dei) အဖြစ် ဖန်ဆင်းခံထားသည်။ မိမိကိုယ်ကို ဖန်ဆင်းနိုင်သော အရာမဟုတ်ဘဲ၊ ဆက်ဆံရေး၊ ကိုယ်ကျင့်တရားနှင့် ကိုယ်ခန္ဓာပါသော ပုဂ္ဂိုလ်များကဲ့သို့ဖြစ်သည်။
ဤကဲ့သိုသော အမြင်သဘောထားသည် ရွေးနှုတ်ခြင်းလိုအပ်ချက်ကို လျစ်လျူရှုကာ ကျေးဇူးတော် အစား ထိန်းချုပ်မှုကို အစားထိုးခြင်းဖြင့် အန္တရာယ်ရှိစေနိုင်သည်။ ၎င်းသည် ဘဝ၏ ကိုယ်ကျင့်တရား ဆိုင်ရာ နယ်နိမိတ်များကိုလည်း စိန်ခေါ်မှုဖြစ်စေသည်။
ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်သော AI စနစ်များ (သို) မျိုးရိုးဗီဇပြုပြင်သည့်နည်းပညာများသည် အကာအကွယ်မဲ့သောသန္ဓေသားလောင်းများကို ပြောင်းလဲခြင်းဖြင့် တာဝန်ယူမှု၊ သဘောတူညီချက် နှင့် ဘဝ၏ပကတိသန့်ရှင်းမှုဆိုင်ရာ ကိုယ်ကျင့်တရားဆိုင်ရာ ရှုပ်ထွေးမှုများကို မိတ်ဆက်ပေးလိုက် သည်။
လူသားမျိုးနွယ်ကို ပြန်လည်အင်ဂျင်နီယာပြုလုပ်ခြင်းသည် ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူများမှ ကင်းကွာသွားသည့်အခါ ၎င်းသည် ဘာသာရေးအမှန်တရားကိုသာမက လူ့အဖွဲအစည်း၏ ကိုယ်ကျင့် တရားဆိုင်ရာ စည်းလုံးညီညွတ်မှုကိုပါ ပြိုကွဲစေနိုင်သည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်။
၄။ အကျဉ်းချုပ် – လူလုပ်မျှော်လင့်ချက်နှင့် ထမြောက်ခြင်းကတိ
နည်းပညာသည် ပညာနှင့်အညီအသုံးပြုပါက လူသားတိုး တိုးတက်ရန် အထောက်အကူဖြစ်သည်။ သို့သော်၊ ဘုရား၏ကယ်တင်ခြင်းအတွက် အစားထိုးလျှင်၊ ယင်းသည် ဘုရားသခင်အကြောင်း လေ့လာခြင်းအရ အတုအပဖြစ်လာသည်။ သမ္မာကျမ်းစာ၏အနာဂတ်မြင်ကွင်းသည် ဒစ်ဂျစ်တယ် စိတ်ဝိညာဉ် သို့မဟုတ် စီလီကွန်အခြေခံသော အသိစိတ်မဟုတ်၊ ကိုယ်ခန္ဓာထမြောက်ခြင်း၊ ဝိညာဉ်ရေးရာအသစ်ပြုပြင်ခြင်း၊ ခရစ်တော်အားဖြင့် ဘုရားနှင့်ထာဝရဆက်ဆံခြင်းဖြစ်သည်။ ဧဝံဂေလိတရားသည် စက်များဖြင့် သေခြင်းကိုဖျက်ဆီးရန် မဟုတ်၊ သို့သော် လက်ဝါးကပ်တိုင်နှင့် ဗလာသင်္ချိုင်းဂူအားဖြင့် သေခြင်းကိုအောင်မြင်ရန် ဖြစ်သည်။
၅။ နိဂုံး – ထာဝရမှထာဝရသို့ ဇာတ်လမ်း
သမ္မာကျမ်းစာ၏ဇာတ်လမ်းသည် – ဖန်ဆင်းခြင်းမှ လူမျိုးတကာအဆုံး—ဤအရာသည် အချိန် ကာလအတွင်း၌ စတင်ခြင်းမရှိသကဲ့သို၊ သမိုင်းတွင်လည်း အဆုံးသတ်ခြင်းမရှိပါ။ ထာဝရ တည်ရှိ သော၊ ကိုယ်ပိုင်အာဏာရှင်ဖြစ်တော်မူသော ဘုရားသခင်သည် သူ၏ချစ်ခြင်းအားဖြင့် အရာခပ်သိမ်း ကို ဖန်ဆင်းတော်မူခြင်းဖြင့်စတင်ပြီး၊ အချိန်၊ ရုပ်ဝတ္ထုနှင့် ဝိညာဉ်ရေးရာ—နယ်ပယ်အားလုံးပြည့်စုံစွာ သဟဇာတဖြစ်သော အသစ်တဖန် ဖန်ဆင်းခြင်းနှင့်အတူ အဆုံးသတ်လိမ့်မည်။
ဤစာအုပ်သည် ထိုသမိုင်းဝင်အလားအလာကို ခြေရာခံထားပါသည် ဖန်ဆင်းခြင်းမတိုင်မီကာလနှင့် စကြဝဠာအစဉ်အလာ၊ ပုန်ကန်မှုနှင့် ပဋိညာဉ်၊ နတ်ဆိုးအာဏာစက်မှ ဘုရားသခင်၏ ဝင်ရောက် စွက်ဖက်ခြင်း၊ ခရစ်တော်၏ လူ့ဇာတိခံယူခြင်းအထိ၊ နောက်ဆုံး၌ အရာ ခပ်သိမ်း၏ ရွေးနုတ် ကယ်တင်ခြင်းဆီသို့ ဦးတည်သွားပါသည်။ ဤခရီးလမ်းတွင် ခရစ်တော်သည် သမိုင်းဝင်ပုဂ္ဂိုလ် တစ်ဦး သက်သက်မဟုတ် ထာဝရလောဂေါစ် (နှုတ်ကပတ်တော်) အဖြစ် ပေါ်ထွန်းလာပါသည်။
ထိုနှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး (ယောဟန် ၁:၁-၃)၊ သမိုင်းတစ်ခု လုံးသည် ထိုအရှင်ဆီသို ဦးတည်နေပါသည် (ကောလောသဲ ၁:၁၆-၁၇)။
ယခုခေတ်၌ ဘာသာရေး၊ သိပ္ပံနှင့် ဒဿနိကဗေဒကြား နယ်နိမိတ်များ မှေးမှိန်လာသည်နှင့်အမျှ၊ ရှုပ်ထွေးမှုများကြောင့် မတုန်လှုပ်ဘဲ ပိုမိုနက်ရှိင်းစွာ နားလည်နိုင်သော ကမ္ဘာ့မြင်ကွင်းတစ်ခုကို ထိန်းသိမ်းရန် အရေးကြီးပါသည်။ ကွမ်တမ်မက္ကင်းနစ် (quantum mechanics)၊ စကြဝဠာမျိုးစုံ သီအိုရီ (multiverse) နှင့် ဉာဏ်ရည်တု (AI) ကဲ့သိုသော အယူအဆများသည် စိန်ခေါ်မှုများဖြစ်စေ သော်လည်း၊ ဘုရားသခင်၏ အမြော်အမြင်နှင့် အချုပ်အခြာအာဏာကို ထပ်မံအတည်ပြုရန် အခွင့် အလမ်းများလည်း ဖြစ်ပေါ်စေပါသည်။
နောက်ဆုံးတွင်၊ ဤနည်းပညာဆိုင်ရာအောင်ပွဲ၏ဇာတ်လမ်းမဟုတ်၊ သို့သော် ဘုရား သခင်၏ ရည်မှန်းချက်ဖြစ်သည်။ သမိုင်းသည် အမှတ်တမဲ့မဟုတ်ပါ။ ဖန်ဆင်းခြင်းသည် အမှုမဲ့ အမှတ်မဲ့ မဟုတ်ပါ။ လူသားသည် မိမိကိုယ်တိုင် ပြည့်စုံခြင်းမရှိ။ အရာခပ်သိမ်းသည် ခရစ်တော်ကို “အာလဖ” (အစ) နှင့် “အိုမီဂါ” (အဆုံး) အဖြစ် ထင်ရှားစွာ ထုတ်ဖော်ပြသမည့် အပြီးသတ်ခြင်း တစ်ခုဆီသို့ ဦးတည်လျက်ရှိသည်။ ထိုအရှင်မှာ အရာခပ်သိမ်း၏ မူလအစ၊ အလယ်ဗဟိုနှင့် အဆုံးသတ် ပန်းတိုင်ပင် ဖြစ်တော်မူသည်။
“ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။” (ယောဟန် ၁:၄)
