အခန်း (၉) – အပြစ် နှင့် သေခြင်းတရား  ၏ပျံ့နှံ့ခြင်း

ကာဣန၊ လာမက်နှင့် မျိုးဆက်တစ်လျှောက် ယိုယွင်းမှု 

 သမ္မာကျမ်းစာ အခြေခံအချက် – ဧဒင်မှ အကြမ်းဖက်မှုသို့ 

ကမ္ဘာဦးကျမ်း ၄-၅ တွင် လူသားများကျဆင်းခြင်းနောက်မှာ အပြစ်၏ အကျိုးဆက်များ ချက်ခြင်း ဆိုသလို၊ မျိုးဆက်တစ်ခုပြီးတစ်ခုအပေါ်မှာ ဆိုကျိုးများသက်ရောက်ကြောင်း အထောက်အထားကို မြင်ရ သည်။ အာဒံနှင့်ဧဝ၏ သားဦး ကာဣနသည် မိမိ၏ညီဖြစ်သူ အာဗေလကို မနာလိုစိတ်ဖြင့် သတ်ဖြတ်ကာ လူသားသမိုင်း၏ ပထမဆုံးအကြမ်းဖက်မှု (ကမ္ဘာဦး ၄:၈) ကို ကျူးလွန်သည်။ ဤလုပ်ဆောင်မှုထဲတွင်  တစ်ဦးချင်းအပြစ်မှ လူမှုအသိုင်းအဝိုင်းထိတွေ့မှု၊ မိသားစုသဟဇာတ ပျက်ခြင်းနှင့် သေခြင်းနှင့် အငြိုးအာဃာတ၏ သံသရာကို အစပျိုးပေးခဲ့သည်။ 

ကာဣန၏ မျိုးဆက်တွင် လာမက် အပါအ၀င်၊ မြင့်တက်လာနေသော ကိုယ်ကျင့်တရားယိုယွင်း ပျက်စီးမှုအားဖြင့် ပုံရိပ်ပေါ်လာသည်။ သူသည် အကျင့်ပျက်ချစားမှု၏ ပိုမိုဆိုးရွားသော အဆင့်ကို ကိုယ်စားပြုသည်။ “…ကာဣနသည် ခုနစ်ဆသောတရားကိုရလျှင်၊ အကယ်၍လာမက်သည်၊ အဆခုနှစ်ဆယ် ခုနစ်ဆသော တရားကို ရလိမ့်မည်…” (ကမ္ဘာဦး ၄:၂၃–၂၄) ဟု ဝါကြွားကာ အကြမ်းဖက်မှုကို ဂုဏ်ယူစွာ ဖော်ပြခြင်းဖြင့် အပြစ်၏ပြင်းထန်မှုကို မြှင့်တင်သည်။ 

အခြားတစ်ဖက်တွင်၊ ရှေသ၏မျိုးဆက်များ (ကမ္ဘာဦး ၅) သည် မျှော်လင့်ခြင်းနှင့် အစဉ်သစ္စာရှိသော လမ်းကြောင်းပေါ်တွင် ရပ်တည်နေသည်။  အခန်းတိုင်းလိုလို၌ ထပ်ကာထပ်ကာ ပါဝင်သည့် “ထိုသို့ သေလေသတည်း” ဆိုသော စကားစု ရှိသော်လည်း၊ ရှေသမျိုးဆက်သည် အသက်ရှင်သန်မှု ဆက် လက်တည်တံ့ခြင်းနှင့် ဖောက်ပြန်ပျက်စီးနေသော ခေတ်ကာလအတွင်း မြဲမြံစွာသစ္စာရှိခြင်း၏ အကြွင်းအကျန်ကို ကိုယ်စားပြုနေသည်။ ဧနောက်၏ ထူးခြားသောသတ်မှတ်ချက်မှာ၊ “သူသည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန် သူသည်မရှိ အကြောင်းမူကား၊ ဘုရား သခင် သိမ်းယူတော်မူသောကြောင့်တည်း” (ကမ္ဘာဦး ၅:၂၄) ဟူသော ရွေးနုတ်ကယ်တင်ခြင်း၏ အလင်းတစ်စကဲ့သို့ အစေခံသည်။

ဘာသာရေးအရ အကျိုးဆက် – လူသား၏နက်ရှိုင်းသော ဖောက်ပြန်မှု 

ဤအစောပိုင်းအခန်းများသည် လူသား၏သဘာဝနှင့် လူ့အဖွဲ့အစည်း၏ တဖြည်းဖြည်းယိုယွင်း လာမှုကို ရှင်းလင်းစွာပြသသည်။ ဧဒင်ဥယျာဉ်တွင်မနာခံမှုဖြစ်လာသည်နှင့်အမျှ အကြမ်းဖက်မှု၊ လက်စားချေလိုမှု၊ စနစ်တကျပျက်စီးမှု တို့သည်စတင်လာခဲ့သည်။ အပြစ် စတင်ဝင်ရောက်မှုသည် တည်ငြိမ်စွာမနေပေ။ ၎င်းသည် ကြီးထွား၍ ပွားများကာ၊  မိသားစုမျိုးဆက်များနှင့် လူ့အဖွဲအစည်း များအတွင်း စွဲမြဲနေတတ်သည်။

“ထိုနောက် သေလေ၏” ဟူသော ကမ္ဘာဦး ၅ ၏အထပ်ထပ်ဖော်ပြချက်သည် အပြစ်၏နောက်ဆုံး အကျိုးဆက်ဖြစ်သော ဘုရားနှင့်ကင်းကွာသောဝိညာဉ်သေခြင်းကို သတိပေးသည်။  ဤနေရာ၌ သေခြင်းသည် ဇီဝဗေဒဆိုင်ရာ သက်သက်သာမဟုတ်ပေ။ ထိုသေခြင်းသည် ဘုရားသခင်နှင့် ဝိညာဉ်ရေးရာ ကင်းကွာခြင်း—ဘုရားသခင်၏ ပုံသဏ္ဍာန်နှင့် ဖန်ဆင်းထားမှု၏ ကိုယ်ကျင့်တရား ဖွဲစည်းပုံကို ပုံပျက်စေသော ပြတ်တောက်ခြင်းတစ်ရပ် ဖြစ်ပေသည်။  ဤအကြောင်းအရာ၏ ဦးတည်ရာသည် ဘုရားသခင်၏ စနစ်တကျ ဖွဲစည်းထားသော လမ်းကြောင်းမှ ဝေးကွာလာခြင်း—ထိုကောင်းမွန်သောစည်းမျဉ်းမှ ခွဲထွက်မိခြင်း၏ ကပ်ဘေးဆိုက်ရောက်နိုင်သည့် အကျိုးဆက်များကို မီးမောင်းထိုးပြလျက် အကင်းပါးမှု တိုးများလာသည့် လားရာဘက်သို့ ဦးတည်နေသည်။

ဤအဆင့်တွင် ရှင်းလင်းစွာလုပ်ဆောင်သော လူသားများရေွးနုတ်ခြင်းသမိုင်းထဲတွင်၊ မိမိကိုယ် မိမိထွက်ခွါခြင်းအား၊ ကိုယ်ကျင့်တရားကိုယ်တိုင်ပြုပြင်ခြင်းသည် မစွမ်းဆောင်နိုင်ပါ။ ဤအဆင့်တွင် ကျမ်းချက်က ဘုရား၏တရားစီရင်ခြင်းနှင့် ကယ်တင်ခြင်းလိုအပ်ကြောင်း ဖော်ပြထားသည်။ 

အယူဝါဒဆိုင်ရာ ရောင်ပြန်ဟပ်ခြင်း – မူလအပြစ်နှင့် နဂိုကျင့်ဝတ်သိမှု 

ကမ္ဘာဦး ၄-၅ သည် မူလအပြစ်၏ နှင့် အဆက်ဆက်ခံယူသော အပြစ်၏ အယူအဆနှင့်ပတ်သက်ပြီး အခြေခံယုံကြည်ချက်များကို မေးခွန်းထုတ်ခြင်း တိုးလာသည်။ “မူလအပြစ်” ဟူသော စကားလုံးကို တိုက်ရိုက်မသုံးထားသော်လည်း၊ လူသား၏ သဘာဝသည် ဧဒင်ဥယျာဉ်တွင်ပြစ်မှားပြီးနောက် အခြေခံအားဖြင့် ပျက်စီးယိုယွင်းသွားကြောင်း ဤဇာတ်လမ်းက အားကောင်းစွာ ထောက်ခံနေသည်။ ကာဣန်၏ လုပ်ရပ်များသည် သီးသန့်ဖြစ်စဉ်များမဟုတ်ဘဲ၊ ပိုမိုနက်ရှိင်းသော မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် အမွေဆက်ခံရသည့် ပျက်စီးယိုယွင်းမှု၏ ရှေးဦးသက်သေလက္ခဏာများ ဖြစ်ပေသည်။

ဩဂုတ်စတင်း (Augustine) က ဤအချက်ကိုနားလည်းနိုင်ဖို့ နောက်ပိုင်းတွင် စနစ်တကျ ဖော်ထုတ်ခဲ့သော်လည်း၊ အာဒံ၏အပြစ်နှင့် သူ၏ပြစ်မှားခြင်းသဘောသဘာ၀နှစ်ခုလုံးမှတဆင့် လူသားအားလုံးထံသို့ ကူးဆက်သွားကြောင်းကို ငြင်းချက် ထုတ်ထားသည်။  ၎င်းမှာ ကမ္ဘာဦးကျမ်း သည် ဤအကြောင်းအရာကို ဘုရားသခင်အကြောင်းလေ့လာခြင်းအယူအဆအနေဖြင့် မဟုတ်ဘဲ ဇာတ်လမ်းပုံစံဖြင့် ကိုယ်စားပြုထားသည် – အပြစ်သည် ယုံကြည်မှုသက်သက်မျှသာမက၊ လက်တွေ့ ကျင့်သုံးခြင်း၊ ထပ်ခါထပ်ခါပြုလုပ်ခြင်းနှင့် တဖြည်းဖြည်းဆိုးရွားလာခြင်းတို့ ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ထို့အပြင်၊ ဤအခန်းများတွင် နဂိုကျင့်ဝတ်သိမှု (proto-ethics) ၏ အစပျိုးမှုကို တွေ့ရသည်။ ကာဣန၏ အပြစ်၊ ဘုရားသခင်နှင့် အပြန်အလှန်ပြောဆိုခြင်းနှင့် လာမက်ပြောဆိုသော အကြံပြု ခြင်းထဲမှာ အသိတရားနှင့် ကိုယ်ကျင့်တရားတုံ့ပြန်ခြင်းသည် ဧဒင်ကမ္ဘာနောက်ပိုင်းထဲတွင် ပြုပြင် ထားနှင့်သော ကိုယ်ကျင့်တရားသိမှု အဓိပ္ပာယ်သက်ရောက်သည်။ ဤအစောပိုင်းလက္ခဏာ တို့သည် နောက်ပိုင်းတွင် ဘုရား၏ပညတ်တော်နှင့် ပဋိညာဉ်ကျင့်ဝတ်များ ထွန်းကားလာမည့် မြေပြင် ပြင်ဆင်မှု ဖြစ်သည်။ 

အကျဉ်းချုပ် – အပြစ်၏အမွေနှင့် ကယ်တင်ခြင်းလိုအပ်ချက် 

အာဒံ၏အပြစ်အမွေသည်  မျိုးဆက်များတစ်လျှောက် အကြမ်းဖက်ခြင်း၊ ပုန်ကန်ခြင်းနှင့် သေခြင်း၏ပုံစံထဲမှာ လျှင်မြန်စွာ ခွင့်ပြုပေးသည်။ ဧဒင်ဥယျာဉ်မှ အစပြု၍ လက်စားချေမှုအထိ ဆင်းသက်လာပုံသည် ဖန်ဆင်းရှင်နှင့် ကင်းကွာလာ သော လောကတစ်ခု၏ ပုံရိပ်ကို ဖော်ပြနေ သည်။ ကာဣန်၏ အကြမ်းဖက်မျိုးဆက်နှင့် ရှေသ၏ သစ္စာရှိမျိုးဆက်တို့ကြား မျိုးရိုးဇာတ်လမ်း ကွာခြားမှုသည် ကျမ်းစာ၏ အဓိကအကြောင်းအရာ တစ်ခုကို မိတ်ဆက်ပေးသည်။  ဖောက်ပြန် ပျက်စီးမှုနှင့် ပဋိညာဉ်မြော်လင့်ချက်တို့၏ အတူယှဉ်တွဲတည်ရှိမှုပင်ဖြစ်သည်။

ထို့ကြောင့် ကမ္ဘာဦး ၄-၅ သည် ဘုရားသခင်အကြောင်းလေ့လာခြင်းဆိုင်ရာအတွက် တံတားတစ်စင်း ကဲ့သို့ဖြစ်သည်။ ဤအကြောင်းအရာသည် ဧဒင်ဥယျာဉ်ရှိ မနာခံမှု မူလအစနှင့် ရေလွှမ်းမိုးခြင်း ဒဏ်ခံရမည့် လောက တစ်ခုလုံးအနှံ ဖောက်ပြန်ပျက်စီးမှုနှင့် ဆက်စပ်ထားသည်။ သို့သော်လည်း ဘုရားသခင်၏ ရွေးနုတ်ကယ်တင်ရေးအကြံအစည်များ ဆက်လက်တည်တံ့နိုင်ရန်အတွက် ဖြောင့်မတ်သောသူတို့ကို အကြွင်းအကျန်အဖြစ် ထိန်းသိမ်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *