အခန်း (၇) – လူသားမျိုးနွယ်၏ ဖန်ဆင်းခြင်း (အာဒံနှင့်ဧဝ) 

လူသား၏ ကိုယ်ပိုင်လက္ခဏာနှင့် မြင့်မြတ်သော အလုပ်အကိုင်အတွက် ဘာသာရေးအခြေခံများ 

 သမ္မာကျမ်းစာ အခြေခံအချက် – ဖန်ဆင်းခြင်း၏ အထွတ်အထိပ်အဖြစ် လူသား 

လူသား၏ဖန်ဆင်းခြင်းသည် သမ္မာကျမ်းစာ၏ မူလအစဇာတ်လမ်း၌ အထွတ်အထိပ်အချိန်ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁:၂၆–၂၇ တွင် လူသားများကို “ဘုရားသခင်၏ ပုံသဏ္ဍာန်နှင့်အညီ” (Imago Dei) ဖန်ဆင်းကြောင်း ဖော်ပြထားပြီး၊ အခြားဖန်ဆင်းခံများနှင့် ကွဲပြားစေသည်။ ဤကြေငြာချက်သည် လူသား၏ ဘုရားသဘောတော်ကို ထင်ဟပ်နိုင်စွမ်းရှိသည့် ထူးခြားသော ဘာသာရေးလူသားဗေဒ (theological anthropology) ကို မိတ်ဆက်ပေးသည်။ 

ကမ္ဘာဦးကျမ်း ၂:၇ တွင် ပိုမိုနက်ရှိုင်းသော သာလွန်ဖော်ပြရန် ထောက်ပံ့ခြင်းရှိသည်— 

“ထိုနောက်၊ ထာဝရအရှင် ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇီ၀အသက်မှုတ်သွင်းတော်မူ သဖြင့်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။”  ဤကျမ်းချက် သည် လူသား၏ နှစ်မျိုးသော သဘောသဘာဝ—ဒြပ်ဝတ္ထုဆိုင်ရာ (မြေမှုန့်မှ ဖွဲ့စည်းခြင်း)၊ ဝိညာဉ်ရေးဆိုင်ရာ (ဘုရား၏အသက်မှုတ်သွင်းခြင်း)ကို အလေးပေးဖော်ပြသည်။ 

ဧဝကို အာဒံ၏နံဘေးရိုးမှ ဖန်ဆင်းခြင်း (ကမ္ဘာဦး ၂:၂၁–၂၂) သည်— တူညီသော အနှစ်သာရ၊  ဆက်ဆံရေးတွင် တန်းတူညီမျှမှု၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်မှီခိုမှု တို့ကို ညွှန်းဆိုသည်။ ဤဖန်ဆင်းခြင်းသည် အဆင့်အတန်းခွဲခြားခြင်းမဟုတ်ဘဲ၊ ဖန်တီးမှု၏ ပြည့်စုံသော ဖလှယ်မှု (complementary design) ဖြစ်ပြီး၊ လူ့အသိုင်းအဝိုင်း၊ ပဋိညာဉ်ဆိုင်ရာ အိမ်ထောင်ရေး၊ လူမှုရေး အပြန်အလှန်မှီခိုမှုတို့၏ အခြေခံဖြစ်သည်။ 

ဘာသာရေးအရ အကျိုးဆက် – ဘုရား၏ပုံသဏ္ဍာန်နှင့် လူသား၏မြင့်မြတ်သော အလုပ်အကိုင် 

ဘုရားသခင်၏ ပုံသဏ္ဍာန် (“Imago Dei”) အယူအဆအရ၊ လူသားသည် ဘုရား၏သဘောတော်ကို ထူးခြားစွာ ထင်ဟပ်စေသည်။ ဤအတွေးအမြင် (သိုမဟုတ်) သုံးသပ်ချက်သည်ယင်းတို့၏ လောကုတ္တရာ (Metaphysical) အဆင့်တွင်သာ မကဘဲ၊ လုပ်ဆောင်မှုဆိုင်ရာ (Functional) နှင့် ဆက်ဆံရေးဆိုင်ရာ (Relational) အချက်များပါ ပါဝင်သည်။ လူသားမျိုးနွယ်သည် ဖန်ဆင်းရှင်အား နယ်ပယ်အမျိုးမျိုး၌ ထင်ဟပ်စေပြီး ပုံသဏ္ဍာန်တူစေသည်။

ဤထင်ဟပ်မှုသည်— 

– အကြောင်းအကျိုးဆင်ခြင်နိုင်စွမ်း – အကြောင်းပြချက်နှင့် နားလည်ခြင်းအတွက် စွမ်းရည်။

– ကောင်းမကောင်း ခွဲခြားနိုင်သော ကျင့်ဝတ်သိမှု- အဆိုးနှင့်အကောင်းကို ပိုင်းခြားနိုင်သော အစွမ်းအစ။

– ဆက်ဆံရေးတည်ဆောက်နိုင်စွမ်း (မေတ္တာ၊)- ချစ်ခြင်းမေတ္တာနှင့် အသိုင်းအဝိုင်းကို ထိတွေ့ခြင်း။

– ဖန်တီးမှုစွမ်းရည် – ယာဉ်ကျေးမှုနှင့် အလှအပများကို ထုတ်ဖော်ခြင်း။   

– လွမ်းမိုးနိုင်ခြင်း – လူသားမျိုးနွယ်များကို ဖန်ဆင်းခြင်းအထက်မှာ အပ်နှင်းထားသော ဘဏ္ဍာစိုး။  

စသည့် ဘုရား၏လက္ခဏာများကို ပြသသည်။ 

ကမ္ဘာဦး ၁:၂၈ တွင် လူသားအား ” အချင်းတို့ များပြားစွာမွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ….. အုပ်စိုးကြလော့” ဟူသော ဘုရင့်အမိန့်တော် (royal mandate) ပေးသည်။ ဤအုပ်စိုးမှုသည် ဖျက်ဆီးခြင်းလိုင်စင်မဟုတ်၊ ဖန်ဆင်းခံလောကကို ဘုရား၏နည်းလမ်းအတိုင်း တာဝန်ယူစီမံရန် ခေါ်ခြင်း ဖြစ်သည်။ 

ဧဒင်ဥယျာဉ်တွင် အာဒံနှင့်ဧဝအား ကောင်းမကောင်းသိကျွမ်းရာအပင်၏ အမိန့်ဖြင့် လွတ်လပ်သော ဆန္ဒနှင့် ကျင့်ဝတ်တာဝန် ပေးထားသည်။ ဤသည်မှာ လူသား၏ကျင့်ဝတ်ဆိုင်ရာ ရွေးချယ်မှု နှင့် တာဝန်ခံမှု ၏ အစဖြစ်သည်။ 

ဘုန်းကြီးဘုရင်အဖြစ် သရုပ်ဖော်ခြင်းနှင့် ဧဒင်ဥယျာဉ်၏ မြင့်မြတ်သောနေရာ 

သူတိုသည် ဘုရားသခင်၏ ပုံရိပ်ကို အကောင်အထည်ဖော်ထားသူများ အခန်းကဏ္ဍထက် တစ်ဆင့် ထပ်မံ၍ အာဒံနှင့်ဧဝသည် ထိုတာဝန် ကို ထမ်းဆောင်သည်။ သူတို့သည် ဘုရားပုံသဏ္ဍာန်ကဲ့သို့ ဖြစ်သူများသာမက၊ ယဇ်ပုရောဟိတ်နှင့်ဘုရင်မင်းဆိုင်ရာ တာဝန်များ ထမ်းဆောင်သူများအဖြစ် ဖော်ပြထားသည်။ ကမ္ဘာဦး ၂:၁၅ တွင်— ” ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှါ ထားတော်မူ၏။ ” ဟေဗြဲစကားလုံး “abad” (လုပ်ကိုင်/အမှုထမ်း) နှင့် “shamar” (စောင့်ရှောက်) တို့သည် တဲတော်အတွင်း လေဝိအမှုတော် (တော ၃:၇–၈၊ ၈:၂၆) များအတွက် အသုံးပြုသော စကားလုံးများနှင့် တူညီသည်။ 

ဤအချက်က အာဒံ၏တာဝန်သည် စိုက်ပျိုးရေးထက် ပိုမိုမြင့်မြတ်ပြီး၊ ဘာသာရေးဆိုင်ရာ အမှုတော် ဖြစ်ကြောင်း ဖော်ပြသည်။ ဧဒင်ဥယျာဉ်သည် ဘုရားနှင့်လူသား အတူရှိရာ မူလပလ္လင်တော် (primordial sanctuary) ဖြစ်သည်။  သူတို့သည်အသက်ပင်၊ ဧဒင်မှ စီးဆင်းသောမြစ်၊  – အရှေ့ မျက်နှာသို့ ဝင်ပေါက်၊ စသည်တို့သည် နောက်ပိုင်းတွင် ဗိမာန်တော်၏သင်္ကေတများ (ယေဇကျေလ ၄၇၊ ဗျာဒိတ် ၂၂) နှင့် ဆင်တူသည်။

ထို့ကြောင့် ဧဒင်သည် ဘုရားနှင့်ဣသရေလလူမျိုးများ၏ ဆုံတွေ့ရာ မျက်မှောက်တော်ရှိရာနေရာ ကဲ့သို့သော တဲတော်နှင့် ဗိမာန်တော်၊ ပဋိညာဉ်ဆိုင်ရာ တာ၀န်ခံခြင်းနှင့် သန့်ရှင်းသော ပွဲတော်ကို သုံးဆောင်ခြင်း၏ မူလနေရာဖြစ်သည်။ အာဒံနှင့်ဧဝသည် ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံကြားတွင် အလုပ်လုပ်သော ဘုန်းကြီးဘုရင်များ ဖြစ်သည်။ 

အကျဉ်းချုပ် – လူသား၏ ကိုယ်ပိုင်လက္ခဏာ၊ အခွင့်အာဏာနှင့် ကံကြမ္မာ 

အာဒံနှင့်ဧဝ၏ဖန်ဆင်းခြင်းသည် လူသား၏  ဂုဏ်သိက္ခာဘုရား၏ပုံသဏ္ဍာန်၊ ရည်ရွယ်ချက်တို့ကို စတင်တည်ထောင်ခြင်းဖြစ်သည်။ ဘုရားပုံသဏ္ဍာန်ဖြစ်သကဲ့သို့၊ လူသားများသည် စီမံအုပ်ချုပ်မှု၊ ဝတ်ပြုကိုးကွယ်မှု၊ နှင့် ကံကြမ္မာ၊ ပဋိညာဉ်ဆိုင်ရာတာဝန်များရှိသည်။ သန့်ရှင်းသော ပတ်၀န်းကျင် ထဲမှာ သူတို့သည် ကောင်းမွန်လိမ္မာသောဘဏ္ဍာစိုးဖြစ်ဖို့  လေ့ကျင့်ဖို့ခေါ်ခြင်းခံရသည်၊ ကိုယ်ကျင့် တရား လွတ်လပ်ခြင်းနှင့် ဝိညာဉ်ဆိုင်ရာ ပွဲတော်စားမည့်နေရာဖြစ်သည်။ ဧဒင်ဆိုသည်မှာ  ဥယျာဉ်သက်သက်ဆိုသည်ထက် ပိုသည်—၎င်းသည် ဘုရားသခင်၏မြင့်မြတ်သော နေရာ (sacred space) ဖြစ်ပြီး၊ လူသား၏ပထမဆုံးခေါ်ခြင်းသည်အလုပ်သည် ဘုရင့်တော်၀င်ဖြစ်ခြင်းနှင့် ယဇ်ပုရောဟိတ်ဆိုင်ရာ ဖြစ်သည်။  ဤအကြောင်းအရာများ – ပုံသဏ္ဍာန်၊ အခွင့်အာဏာ၊ ဝတ်ပြုကိုးကွယ်မှုနှင့် ဘုရားသခင်၏ မြင့်မြတ်သောနေရာသည် သမ္မာကျမ်းစာ တစ်လျှောက် ဖွံ့ဖြိုးပြီး၊ ခရစ်တော်၏ ပြည့်စုံသော ယဇ်ပုရောဟိတ်- ဘုရင်၌ အပြည့်အဝထမြောက် သည်။ ကိုယ်တော်သည် လူသား၏ပျောက်ဆုံးသော အလုပ်အကိုင်ကို ပြန်လည်ထူထောင်ကာ အသစ်သောဖန်ဆင်းခြင်း (ဗျာဒိတ် ၂၁:၅) ကို ဆောင်ကြဉ်းပေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *